မြဝတီမြို့၊ တောရဘုန်းတော်ကြီးသို့ ပွင့်လင်းအေးမြိုင်ကျေးရွာ တိုက်ပွဲရှောင်မိသားစုမျးမှ ကျောင်းသား/သူ များ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယာယီပညာသင်ကြားလျှက်ရှိ

ဇူလိုင် ၈

     ယနေ့အထိ ကရင်ပြည်နယ်၊ မြဝတီမြို့၊အမှတ် ၄ ရပ်ကွက်၊ တောရဘုန်းတော်ကြီးသို့ မဲကနယ်ကျေးရွာအုပ် စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာမှ တိုက်ပွဲရှောင်၍ ရောက်ရှိလာသော ပြည်သူများအိမ်ထောင်စု ၈၆ စု၊ ကျား ၁၄၈ ဦး၊ မ ၁၅၅ ဦး၊ ပေါင်း ၃၀၃ ဦးတို့မှ ခိုလှုံရောက်ရှိနေထိုင်လျှက်ရှိကြောင်း သိရပါ သည်။

      တိုက်ပွဲရှောင် ရောက်ရှိလာသော မိသားစုများမှ ကျောင်းသား ၃၀ ဦး၊ ကျောင်းသူ ၂၆ ဦးမှာ တောရကျောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယာယီပညာသင်ကြားလျှက်ရှိပြီး ညဘက်ချိန်တွင် ကလေးများအား စာဖတ်စာအံလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN