နွားထိုးကြီးမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့၏ Drone ၁ စီးကို ပစ်ချနိင်ခဲ့

ဇူလိုင် ၈

     မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ပဲခင်းကြီးကျေးရွာအနီး၌ တပ်မတော်လုံခြုံရေးစစ်ကြောင်းက ယနေ့ နံနက် ၈ အချိန်တွင် ကင်း ပုန်းဝပ်စောင့်ဆိုင်းလျက်ရှိစဥ် နံနက် ၁၀ နာရီခွဲအချိန်တွင် ဖောင်ကျင်းကျေးရွာဖက်မှ ပျံသန်းလာသော အကြမ်းဖက်သောင်းကျန်းသူတို့၏ Drone ၁ စီး၊အမြင့် ၃၀၀ မီတာခန့်မှ ပျံသန်းလာသည်ကို တွေ့ရှရသဖြင့် 4-Channel Drone Gun ဖြင့် ချိန်ရွယ်ဆွဲချခဲ့ရာ DJI Mavic-3 အမျိုးအစား Drone ၁စီးနှင့် Drone တွင်ချိတ်ဆွဲထားသည့် အီနာဂါ ဗုံးသီး ၁လုံး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN