ချင်းပြည်နယ်၊ ဟားခါး – ထန်တလန်လမ်းပေါ်တွင် တပ်မတော်စစ် ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ CNF နှင့် CDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား

ဇူလိုင် ၈

     ချင်းပြည်နယ်၊ ဟားခါး – ထန်တလန်လမ်း၊ ဟားခါးမှ ၁၂ မိုင်အကွာတွင် တပ်မတော်စစ် ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ CNF နှင့် CDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်​နေသည်မှာ တစ်ပတ်​ကျော်ပြီဖြစ်ကြောင်း၊ ဟားခါးမှ လက်နက်ကြီးဖြင့် ​နေ့တိုင်းပစ်ကူ​ပေး​နေကြောင်း၊  ဇူလိုင်လ ၅ ရက်​​​နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် တစ်ကြိမ် ​လေယာဥ်ဖြင့်  ၂ ကြိမ် ဗုံး
ကြဲခဲ့ကြောင်း သိရပါသည်။

      အလားတူ ဇူလိုင်လ ၆ ရက်​နေ့တွင် လက်နက် ကြီးဖြင့် အကြိမ် ၃၀ ခန့်၊ ယမန်နေ့က အကြိမ် ၄၀ ခန့်၊ ယ​နေ့ နံနက် ၁ နာရီခွဲအချိန်အထိ ၂၀ ကြိမ် ပစ်ခတ်ခဲ့ပြီး လေကြောင်းမှ ဗုံး ၂ ကြိမ်ကြဲခဲ့ကြောင်း၊ က​လေး – ဖလမ်း – ဟားခါးလမ်း ခရီး သွား အတက်ကားများကို တီးတိန်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က ဇူလိုင်လ ၅ ရက်​နေ့မှ စတင်ပိတ်ထားကြောင်း သတင်းရရှိပါသည်။

#PAN