ဘရာဇီးလ်နိုင်ငံ၊ ဖက်ဒရယ်ကောင်စီနယ်မြေ၊ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ အား မြန်မာသံအမတ်ကြီး မှ လက်ခံတွေ့ဆုံ

ဇူလိုင် ၇

      ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံ သည် ဘရာဇီးလ်နိုင်ငံ၊ ဖက်ဒရယ်ကောင်စီနယ်မြေ၊ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ Mr. Paco Britto အား ယမန်နေ့ ဒေသစံတော်ချိန် မွန်လွဲ ၂ နာရီခွဲအချိန်တွင် ဘရာဇီးလျားမြို့ရှိ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

       ထိုသို့တွေ့ဆုံစဉ် Mr. Paco Britto က မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား ချစ် ကြည်ရင်းနှီးမှုပြယုဂ်အဖြစ် ဘရာဇီးလျားမြို့ရှိ Jardim Botânico ရုက္ခဗေဒဥယျာဉ်တွင် မြန်မာ နိုင်ငံ၏ အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးရန် အဆိုပြုခဲ့ပါသည်။

ဆက်လက်၍ သံအမတ်ကြီးနှင့် Mr. Paco Britto တို့သည် ဘရာဇီးလျားဖက်ဒရယ်ကောင်စီနယ်မြေတွင် မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ ဓာတ်ပုံပြပွဲ၊ ယဉ် ကျေးမှုပြပွဲ၊ ရုပ်ရှင်ပွဲတော် ကျင်းပနိုင်ရေးအပါ အဝင် မြန်မာသံရုံးနှင့် ဖက်ဒရယ်ကောင်စီနယ်မြေအစိုးရ တို့အကြား ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍရပ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလား အလာများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

#PAN