“အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပပြုလုပ်မည့် အာဆီယံ ဝန်ကြီးများ ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများတွင် ယူကရိန်း နိုင်ငံကို ဖိတ်ကြား ထားခြင်းမရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့”

ဇူလိုင် ၇

ယူကရိန်းနိုင်ငံကို မကြာမှီ ကျင်းပပြုလုပ် တော့မည့် ၂၀၂၃ ခုနှစ် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ဆွေးနွေးပွဲများသို့ ဖိတ်ကြားခြင်း မခံရကြောင်း ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် အာဆီယံရေးရာဌာန တို့၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Usana Berananda က ပြီးခဲ့သည့် ဇူလိုင်လ ၆ရက် ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း နိုင်ငံခြား သတင်း ထောက်များကို ပြောကြားခဲ့တာဖြစ်ပါတယ်။

မကြာမှီကျင်းပပြုလုပ်တော့မည့် အာဆီယံ အဖွဲ့အစည်းကြီး၏ ဝန်ကြီးများ အဆင့်ဆွေးနွေး ပွဲများသို့ ယူကရိန်းနိုင်ငံကို ဖိတ်ကြားထားခြင်း မရှိကြောင်း ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ကြောညာခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံသည် အာဆီယံ အဖွဲ့အစည်းကြီး ၏ ဆွေးနွေးများမှုများတွင် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ အနေဖြင့် ပါဝင်တတ် ရောက်သွား မည့် အနေအထား ရှိနေပြီး အာဆီယံ နိုင်ငံများ ၏ ပူးပေါင်း ပါဝင်မှုဖြင့် နိုင်ငံပေါင်းစုံ အခမ်းအနား တစ်ခုအဖြစ် အားလုံးကို ကိုယ်စားပြု သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးဌာန၏ တာဝန်ရှိသူ က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထပ်လောင်း ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။

ထို့နောက် ရုရှား – ယူကရိန်း ပဋိပက္ခများကို အာဆီယံနိုင်ငံများက ဆွေးနွေးမှုများ ပြုလုပ် သွားရန်အတွက်လည်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပမည့် အာဆီယံ ဝန်ကြီးများ ရက်သတ္တပတ် အစည်းအဝေးကြီး၏ အစီအစဉ်များတွင် ပါရှိနေဆဲ ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါ တယ်။