ပြည်ပမှတင်သွင်းတဲ့ ဆေးဝါးများ စျေးနှုန်းမြင့်တက်နေ

ဇူလိုင် ၇

      မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းဟာ တဖြည်းဖြည်းမြင့်တက်လာခဲ့တာကြောင့် ပြည်ပနိုင်ငံ များမှ တင်သွင်းလျက်ရှိတဲ့ နိုင်ငံခြားဆေးဝါးဈေးနှုန်းတွေ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။ပြည်တွင်းမှာ အဆင့်မြင့် ဆေးဝါးများ ထုတ်လုပ်နိုင်မှု နည်းပါးတာကြောင့် ရာခိုင်နှုန်း ၈၀ ကျော်ကို ပြည်ပနိုင်ငံများမှ တင်သွင်း နေရတာဖြစ်ပြီး ၂၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းမှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ယခု ဆေးဝါးစျေးနှုန်းများဟာ မြင့်တက်လာတာကြောင့် စျေးကွက်အတွင်း ယခင်ကဲ့သို့ လှောင်ကုန်များ မထားရှိတော့ဘဲ လိုအပ်သလောက်သာ ဝယ်ယူထားကာ မရှိမဖြစ်ဆေးများကိုသာ ဝယ်ယူရောင်းချ နေကြ ဖြစ်ပြီး လက်ရှိကာလမှာ အရောင်းရပ်ထားတဲ့ ဆေးဆိုင်တွေ မရှိသေးဘူးလို့ ဆေးဝါးရောင်းချ သူများကနေ သိရပါတယ်။


မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့အနက် နှစ်သန်းအထက်မှာ နာတာရှည် ရောဂါအခံ ရှိသူများဖြစ်ပြီး ဆေးဝါးပုံမှန်သောက်သုံးမှသာ ရောဂါအခြေနေကို ထိန်းထားနိုင်တဲ့အတွက် ဆေးဝါးဈေးနှုန်း များ မြင့်တက်နေပေမယ့် မဖြစ်မနေ ဝယ်ယူသောက်သုံးနေကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားဖြစ်ဆေးဝါးများကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး တင်သွင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

Credit Novel Star Media

#PAN