လူသတ်အကြမ်းဖက် PDF အဖွဲ့က စာသင် ကျောင်းကို Drop Bomb ချရန်လွှတ်တင်သော Drone တစ်စင်း သစ်ပင်နှင့်ညှိပြီး ကျန်ခဲ့

ဇူလိုင် ၆

      ယနေ့ ည ၈ နာရီအချိန်ခန့်တွင် ကရင်ပြည် နယ်၊မြဝတီမြို့၊အမှတ်(၅)ရပ်ကွက်၊ရေပူရပ်၊အထက(ရေပူ) စာသင်ကျောင်းဝင်းအတွင်း Drop Bomb ချရန် Drone တစ်စီး ပျံသန်းနေစဥ်ကျွန်းပင်ကိုင်းများနှင့်ညှိပြီးကျန်နေခဲ့ပြီး လုံခြုံ ရေးအဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သိရပါသည်။

   အဆိုပါ ဒရုန်းတွင် ပေါက်ကွဲစေတတ်သော ဗုံးသီးများပါရှိကြောင်း၊ ၎င်းဗုံးသီးများကို အန္တရာယ်ကင်းရှင်းစွာ ဖြုတ်သိမ်းခဲ့ကြောင်း၊ ၎င်း Drone အပြင် အခြားဒရုန်းနှစ်စင်းသည် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ၎င်းနေရာပတ်ဝန်းကျင်မှ ပျံသန်းခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြောင်းသတင်းရရှိပါသည်။

#PAN