စစ်ကိုင်းမြို့နယ်၊ပဒူရဲစခန်းကို တိုက်ခိုက်ရန်နှင့် စစ်ကူလာသော စစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်ရန် သတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက KIAသောင်းကျန်းသူများနှင့် ပူးပေါင်းစီစဥ်နေ

ဇူလိုင် ၆

       စစ်ကိုင်းမြို့၏ မြောက်ဘက် ၁၅ မိုင်ခန့်အကွာ၊ ပဒူကျေးရွာ၏ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာ၊ တောင်ရင်းကျေးရွာတွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အင်အား ၄၀၀ ဦးခန့် ရောက်ရှိနေကြောင်း၊ ပဒူကျေးရွာ၏ အနောက်မြောက် ၅ မိုင်အကွာ၊ ခက်ခရွာတွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အင်အား ၁၀၀ ဦးခန့်မှ သံလမ်းအတိုင်း ပဒူကျေး ရွာရဲစခန်းဘက်သို့ လမ်းလျှောက်လာကြောင်း၊ ပဒူရွာအရှေ့ဘက်ရှိ ဆုတောင်းပြည့်ဘုရား၊ ဘုန်း ကြီးကျောင်းနှင့် ၎င်းကျောင်း၏မြောက်ဘက်ရှိ ဘုန်းကြီး ဝေပုလ္လကျောင်းတို့တွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များသည်
လက်နက်ကိုယ်စီနှင့်ရောက်ရှိနေကြောင်းနှင့် ထုံးဘို၊ အိုက်ဒိုင်(PDF)အဖွဲ့မှ တောင်ရင်းလမ်းဆုံမှ
တဆင့် ပဒူကျေးရွာ(အရှေ့ပိုင်း)မှလည်းကောင်း၊ စမွန်း ကြခတ် (PDF)အဖွဲ့မှ ပဒူကျေးရွာ(မြောက် ပိုင်း)မှလည်းကောင်း၊ စာရေး၊ ကျောက်ပနန် (PDF)အဖွဲ့မှ ပဒူကျေးရွာ(တောင်ပိုင်း)
မှလည်းကောင်း၊ စုစုပေါင်းအင်းအား(၈၀၀)ခန့်မှ ပဒူကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရန်
ဝိုင်ထားရှိကြောင်း သိရှိရပါသည်။

      ထို့အပြင်  တောင်ရင်း လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့တွင် ထုံးဘို၊ အိုက်ဒိုင်အဖွဲ့၌ KIA မှ ဗမအဆင့်နှင့် KIAသောင်းကျန်းသူများ ပါဝင်ပြီး လက်နက်ကြီး/လက်နက်ငယ်များ၊ စိန်ပြောင်းများ၊ RPG များ ပါရှိကြောင်းနှင့် စစ်ကူ/ပစ်ကူလာရောက်နိုင်သည့် စာရေးရွာလမ်းတစ်လျှောက်၊ ခက်ခရွာလမ်း တစ်လျှောက်တို့ အား မိုင်းများထောင်ထားပြီး စစ်ကူ/ပစ်ကူလာရောက်မည့် တပ်မတော်စစ်ကြောင်းအား ဖြတ်တောက်တိုက်ခိုက်ရန် ကင်းပုန်းဝပ်ပြီးစောင့်ဆိုင်းနေကြောင်း သတင်းရရှိပါသည်။

#PAN