ဟားခါးနှင့် ထန်တလန်အကြား သီမြစ်လွင်ပြင်တဝိုက်တွင် နယ်မြေရှင်းလင်းနေသော တပ်မတော်စစ်ကြောင်းနှင့် ချင်းအကြမ်းဖက်သောင်းကျန်း သူ CDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး CDF အဖွဲ့မှ ထိခိုက်ကျဆုံးများရှိ

ဇူလိုင် ၄

    ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်အကြား သီမြစ်လွင်ပြင်တဝိုက်တွင် နယ်မြေရှင်းလင်းနေသော တပ်မတော်စစ်ကြောင်းနှင့် ချင်းအကြမ်း ဖက်သောင်းကျန်းသူ CDF အဖွဲ့တို့ ယမန်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ချင်းအကြမ်း ဖက်သောင်းကျန်းသူ CDF အဖွဲ့မှ ၂ ဦးကျဆုံးပြီး ဒါဏ်ရာရရှိသူအများအပြားရှိကြောင်း ၎င်းတို့၏ ခိုနူမ်းသုန်သတင်းဌာနက ထုတ်ပြန်ထားပါသည်။

       ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ အာရုံဦးအချိန်တွင် ဟားခါး-ထန်တလန်အကြား သီတာရွာသို့ တပ်မတော်မှ လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကြဲပြီးနောက် သီမြစ်လွင်ပြင်တဝိုက်ရှိ ချင်းအကြမ်း ဖက်သောင်းကျန်းသူ CDF အဖွဲ့များရှိသည်ဟု ယူဆရသောနေရာများကို လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ နာရီဝက်ကျော်ကြာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါသည်။

      အဆိုပါ ဖြစ်ပွားသည့်တိုက်ပွဲအတွင်း တပ်မ တော်ဘက်က ဟားခါးမြို့ရှိ လွတ်လပ်ရေးကျောင်တိုင်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့ကြောင်း ၊ ချင်းအကြမ်းဖက်သောင်းကျန်းသူ CDF အဖွဲ့ဖက်မှ ၂ ဦးကျဆုံးကြောင်း သတင်းထုတ်ထားပေမဲ့လည်း တကယ့်မြေပြင်မှ သေဆုံးမှုဆယ်ဂဏန်းလောက်ရှိပြီး ဒဏ်ရာရရှိမှု အလွန်များကြောင်း ၎င်းတို့နှင့်နီးစပ်​သော ဒေသခံများထံမှ ကြားသိရပါသည်။

     လွန်ခဲ့သည့် မေလ ၂၅ ရက်နေ့မှစတင်ကာ သီမြစ်လွင်ပြင်အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းသည့် တပ်မတော်စစ်ကြောင်းများနှင့် ချင်းအကြမ်း ဖက်သောင်းကျန်းသူ CDF အဖွဲ့များအကြား စစ်ရေးတင်းမာနေခဲ့ကာ မေလ ၂၉၊ ၃၀ ရက်နေ့နှင့် ယနေ့ ဇူလိုင်လ ၃ ရက်နေ့များတွင် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေ ခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ဟားခါးမြို့ပေါ် BOC ရုံး၊ စုပေါင်းရုံးအနီးတစ် ဝိုက်နှင့် ဟားခါးဆေးရုံတို့၌ သေနတ်ပစ်ခတ်သံများကြားရပြီး ဆေးရုံဝန်းရှိ ခွဲစိတ်ဆောင်နှင့် ဝန်ထမ်းနေအိမ်များကို သေနတ်ထိမှန်မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

#PAN