ညောင်ဦးမြို့နယ်၊အိုရင်းကျေးရွာရှိ နေအိမ်တစ်ခုတွင် ဓါးပြတိုက်ခဲ့ရာ တန်ဘိုး ၂၆ သိန်းကျပ်ခန့် လုယက်ယူဆောင်သွား

ဇူလိုင် ၄

      ယနေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၊ငါ့သရောက်နယ်မြေ၊အိုရင်းကျေးရွာနေ ဦးအောင်ကျော်၏ နေအိမ်သို့ မျက်နှာတွင်ပုဝါများစည်းထားသော အမည်မသိ ဓါးပြ ၄ ဦး၊သေနတ်(အတို)များ ကိုင်ဆောင်ကာရောက်ရှိလာပြီး ဓားပြတိုက်ခဲ့ကြောင်း သိရပါသည်။

        အဆိုပါ အမည်မသိ ဓါးပြ ၄ ဦးက ”ခေါင်းငုံ့ထား၊ရှိတာအကုန်ထုတ်”ဟု ပြောဆိုပြီး နေအိမ်အတွင်းမှ ငွေ ၇ သိန်းကျပ်၊တစ်ဝ​န်းထဲ အတူနေ ဦးအောင်ကျော်၏ ယောက္ခမ ဒေါ်ခင်ဝင်း ဝတ် ဆင်ထားသော ကျောက်ဖြူ ရွှေနားကပ် ၁ ရံ၊တန်ဘိုး ၃ သိန်းကျပ်ခန့်၊တူမဖြစ်သူ မချယ်ရီဖြိုး ဝတ်ဆင်ထားသော ကျောက်ဖြူ ရွှေနားကပ် ၁ ရံ၊တန်ဘိုး ၁ သိန်းကျပ်ခန့်နှင့် နေအိမ်ရှိ Honda Wave ခဲရောင် ဆိုင်ကယ် ၁ စီး၊တန်ဘိုး ၁၀ သိန်းကျပ်ခန့်၊Dayang အနက်ရောင် ဆိုင်ကယ် ၁ စီး၊တန်ဘိုး ၅ သိန်းကျပ်ခန့်၊စုစုပေါင်း တန်ဘိုး ၂၆ သိန်းကျပ်ခန့်အား လုယက်ယူဆောင်ကာ တောင်ဘက် ရွာပုလဲကျေးရွာဘက်သို့ မောင်းနှင်ထွက် ပြေးသွားကြောင်း သတင်းရရှိပါသည်။

#PAN