ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်းက စတီဗင်ဂျရတ်ကို နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်


ဇူလိုင် ၄
လီဗာပူးလ်အသင်း၏ ကစားသမားဟောင်း စတီဗင်ဂျရတ်သည် ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်း၏ နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အသက်(၄၃)နှစ်ရှိ ဂျရတ်ဟာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက အက်စတွန်ဗီလာအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပြီး အယ်လ်အစ်တီဖတ်အသင်းနှင့် ပြီးခဲ့သည့်လကတည်းက ဆွေးနွေးနေခဲ့ခြင်းဖြစ်ပါတယ်။
Photos : Ettifaq