ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အကြမ်းဖက်နှိမ်နင်းရေးအထူးအဖွဲ့က ပဲခူးရိုးမတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့၏လက်နက်နှင့် ရိပ်က္ခာများကို သိမ်းဆည်းရမိ

ဇူလိုင် ၃
     ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အကြမ်း ဖက်နှိမ်နင်းရေးအထူးအဖွဲ့က ပဲခူးရိုးမတောတွင်းရှိ အကြမ်းဖက်အဖွဲ့များ ထံသို့ ဆန်အိတ်များ သယ်ပို့ပေးနေသော ပေါက်ခေါင်းမြို့နယ်၊ အမှတ် (၂)ရပ်ကွက်မှ ၁ဦး၊ တောင်လက်ကြီးရွာမှ ရွာ သား ၁ဦးတို့ကို ဖမ်းဆီးရမိခဲကြောင်း၊ ၎င်းတို့ကို
စစ်ဆေးချက်အရ နွေရာသီတွင် တစ်ကြိမ်သယ်လျှင် ဆန် ၄၀ /၅၀ / ၆၀ စသဖြင့် သယ်ပို့ပေးခဲ့ရာ အိတ် ၉၀၀ ခန့်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါသည်။

       ထိုသူများ၏ ထွက်ဆိုချက်များအရ ပေါင်း တည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ လက်ပံ့ခုံရွာကျောင်း ဆရာတော်ကို လူသတ်အကြမ်းဖက် PDF များ၏ သတ်ဖြတ်မှု့မှာ အကြမ်းဖက် PDF  မိသားစုများက ကိုးကွယ်ရန် ဘုန်းကြီးကျောင်း သစ် လက်ပန်ခုံရွာတွင် ဆောက်လုပ်ရာ၌ သတ် ဖြတ်ခံရသူဆရာတော်နှင့် ဒါယိကာဦးတင်အောင် (ဆရာတော်အရင် သတ်ခံရသူ)တို့မှ သက်ဆိုင်ရာ သာသနာရေးဌာနသို့ ကန့်ကွက်ကြောင်းစာပို့ခဲ့ခြင်းကြောင့် သတ်ဖြတ်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရှိရပါသည်။

        ရိုးမ နယ်မြေရှင်းလင်းရေးစစ်ကြောင်းအဖွဲ့က ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ကျေးရွာ၊
လက်ပံခုံကျေးရွာနှင့် သတင်းရနယ်မြေများကို
ရှင်းလင်းစဥ် လူသတ်အကြမ်းဖက်သောင်းကျန်း သူ PDF များ အခြေပြုနေသည့် တဲကို ဝင်ရောက်ရှင်းလင်း ၎င်းအကြမ်းဖက်များမှာ ကိုယ်လွှတ်ရုန်း
တိန်းရှောင်ထွက်ပြေးသွားကြကြောင်း၊  ၎င်းတို့၏ လက်နက်နှင့် ရိပ်က္ခာများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်နှိမ်နင်းရေးအထူးအဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။

#PAN