“ဂျပန်နိုင်ငံ တိုကျိုမြို့အတွင်းရှိ မြို့နယ်တစ် ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မီးလောင်မှုများဖြစ်ပွားခဲ့ရပြီး လူ ၄ဦးထိခိုက်ဒဏ်ရာများရရှိခဲ့”

ဇူလိုင် ၃

ဂျပန်နိုင်ငံ တိုကျိုမြို့ Shimbashi ရပ်ကွက်အတွင်းရှိ ရထားဘူတာအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ် ပွားရာနေရာသို့ အစိုးရ အရေး ပေါ်ဝန်ဆောင်မှုများ ပေးဆောင် လျက်ရှိတယ်လို့သိရပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့လယ်ရှိရုံးခန်းများ နှင့် စားသောက်ဆိုင်များစွာရှိသော ဧရိယာ အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုကျိုမြို့လယ်ရှိ အဆောက်အအုံ တစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုနှင့်အတူ မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ၄ဦးထိ ထိခိုက် ဒဏ်ရာများရရှိခဲ့ရပြီး အဆိုပါအဆောက်အအုံ၏ ဒုတိယထပ်ရှိ လုပ်ငန်းဌာနတစ်ခုမှ မီးတောက်များနှင့် မီးခိုးများ ထွက်ပေါ်နေသည့် ဗီဒီယိုဖိုင်ကို ဒေသခံ သတင်းဌာနများက ပြသခဲ့ကြောင်း ဂျပန်မြို့၏ မီးသတ်ဌာနက ထုတ်ပြန်ပြော ကြားခဲ့တာ ဖြစ်ပါတယ်။

လူစည်ကားသော ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Shimbashi မြို့နယ် အတွင်းတွင် စားသောက်ဆိုင်များစွာတည်ရှိသောဧရိယာရှိ အဆောက်အအုံတစ်ခုတွင်ယနေ့ တနင်္လာနေ့ ညနေ ၃ နာရီ ၂၀ မိနစ် (၀၆:၂၀ GMT)ခန့်က ပေါက်ကကွဲမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်း မှုများဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။

“ပေါက်ကွဲသံလည်း ကြားခဲ့ရပါတယ်။ မီးသတ်ကား စုစုပေါင်း ၃၂ စီးခန့် အခင်းဖြစ်ပွားရာနေရာမှာ ရှိနေကြပါပြီ”လို့ တိုကျိုမြို့မီးသတ်ဌာန မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

“ဒဏ်ရာရသူ ၄ဦးထိရှိပြီး အဆိုပါ ဒဏ်ရာရရှိသူများထဲက၃ ဦးကတော့ သတိလစ်နေပါတယ်” လို့၎င်းက ဆက်လက် ပြောဆိုထားပါတယ်လို့ သတင်းဌာန များကဖော်ပြပြောဆိုထားကြပါတယ်။