“အမေရိကန် အိမ်ဖြူတော်အတွင်း ပိုင်ရှင်မဲ့ မူးရစ်ဆေးဝါး ပစ္စည်းများတွေ့ရှိခဲ့ရသောကြောင့် အမေရိကန် လျှို့ဝှက်ထောက် လှမ်းရေးဌာနက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့”

ဇူလိုင် ၃

အမေရိကန်နိုင်ငံ၏ သမ္မတ အိမ်ဖြူတော်အတွင်း Hazmat ( လူကို အန္တရာယ်ဖြစ်စေနိုင်သော) ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ လျှို့ဝှက်ထောက်လှမ်းရေး ဌာနက စုံးစမ်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အဆိုပါ ကိစ္စကို စုံစမ်းစစ် ဆေးနေချိန်တွင် အိမ်ဖြူတော်အတွင်း သတိပေးချက်များ ထုတ်ပြန်ခဲ့ ကြတာလည်း ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်အတွင်း သံသယဖြစ်ဖွယ် အဖြူရောင်အမှုန့်တွေ ပါဝင်တဲ့ အထုပ်တစ်ထုပ်ကို ဇူလိုင် ၃ရက် တနင်္လာနေ့က တွေ့ရှိခဲ့ရပြီးနောက် အိမ်ဖြူတော်အတွင်းရှိ ဝန်ထမ်းများကို ခေတ္တ ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းထားခဲ့ရတာလည်းဖြစ်ပါတယ်။

အဆိုပါ အဖြူရောင် အမှုန့်များသည် တရားမ၀င် မူးယစ်ဆေးဝါးဖြစ်သည့် ကိုကင်း ဟိုက်ဒရိုကလိုရိုက် ဖြစ်ကြောင်း အမေရိကန် အထူးထောက်လှမ်းရေးအဖွဲ့များက စမ်းသပ် နိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်၏ လူ ရှုပ်ထွေးသောနေရာတစ်ခု တွင် အမည်မသိပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ပြီး အဆိုပါ ဧရိယာကို ရှင်းလင်းရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အဆိုပါ ပိုင်ရှင်မဲ့ ပစ္စည်းကို မည်သည့်အကြောင်းကြောင့် နှင့် မည်သူက ထိုနေရာတွင် ထားခဲ့သည်ကိုတော့ အတိအကျ ဖော်ပြထားခြင်းမရှိပါဘူး။

ထို့နောက် သတင်းဌာနများက မှုးယစ်ဆေးဝါး ကိုကင်း မည်မျှတွေ့ရှိခဲ့ကြောင်း နှင့် အဆိုပါ ဖြစ်စဥ်သည် အမေရိကန် သမ္မတ သို့မဟုတ် အမေရိကန် သမ္မတ အိမ်ဖြူတော် အတွင်းရှိဝန်ထမ်းများကို မည်သို့ ခြိမ်းခြောက်မှုဖြစ်စေကြောင်းကိုလည်း ဖော်ပြခြင်းမရှိပါဘူးလို့ ဖော်ပြပြော ဆိုနေကြပါတယ်။