ရန်ကုန် – မန္တလေးအမြန်လမ်း ၁၈ မိုင် ၃ ဖာလုံရှိ အမြန်လမ်းမှ လေကြောင်းပြီး ကာကွယ် ရေးတပ်သို့ အဝင်လမ်း ဓာတ်တိုင်များတွင် PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့က ထောင်ထားသည့်လက်လုပ်မိုင်းများ သိမ်းဆည်းရမိ

ဇူလိုင် ၂

      ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင် ၊လှည်းကူးမြို့နယ်၊ဂွေးတောက်အိုင်ကျေးရွာအုပ်စုအပိုင်၊ ရန်ကုန် – မန္တလေးအမြန်လမ်း ၁၈ မိုင် ၃ ဖာလုံရှိ အမြန်လမ်းမှ လေကြောင်းပြီး ကာကွယ် ရေးတပ်သို့ အဝင်လမ်း ဓာတ်တိုင်များတွင် လျှပ်စစ်ဓာတ်တိုင်အောက်ခြေ၌ မင်္သကာစရာပစ္စည်းတွေ့ရှိကြောင်း တာဝန်သိ ဒေသခံ ပြည်သူနှစ်ဦးက ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က တာဝန်ရှိသူများထံ လာရောက်သတင်းပို့ခဲ့ပါသည်။

      ထိုသို့ သတင်းပေးပို့လာမှုကြောင့် ဖောင်ကြီးတပ်နယ်လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးရာ PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့က ထောင်ထားသော PVC ပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၄ လက်မ၊ အရှည် ၈ လက်မ ရှိ လက်လုပ် ရီမုမိုင်း ၉ လုံးတွေ့ရှိရကြောင်း၊အဆို ပါမိုင်းများကို လုံခြုံရေးအဖွဲ့က သက်မဲ့ပြုလုပ်ပြီး ညနေ ၃ နာရီအချိန်ခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN