ရန်ကုန် –  မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၃၆/၂ တွင် စားအုန်းဆီများ သယ်ဆောင်လာသည့် မော်တော်ယာဥ်တစ်စီး ကားခါးjoinပျက်၍ လမ်းဘေးထိုးကျ တိမ်းမှောက်

ဇူလိုင် ၂

      ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ရန်ကုန် –  မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၃၆/၂ တွင် ပျဥ်းမနားမှ တပ်ကုန်းဘက်သို့ ယာဥ်မောင်း ကိုတင်မျိုးလွင်၊၅၁နှစ်(ဘ)ဦးကုလား၊၁၄/ကပန (နိုင်)၀၅၀၈၉၂၊လှိုင်သာယာမြို့နယ်နေသူမှမောင်းနှင်ပြီး ယာဥ်နောက်လိုက် ကိုချစ်သဲနိုင်၊၂၀နှစ်၊ (ဘ)ဦးစံသိန်း၊ ၉/ကဆန(နိုင်)၂၃၁၅၄၀၊ပေါက် ပင်ကွေ့ရွာ၊ ကျောက်ဆည်မြို့နယ်နေသူ လိုက်ပါလာပြီး ရန်ကုန်မှ မန္တလေးသို့ ရာသက်ပန်စားအုန်းဆီများ သယ်ဆောင်လာသည့် ယာဥ်အမှတ် BGO-11/3M-5782 နောက်တွဲအမှတ် YGN 2TLR-1433ယာဥ်မှာ ကားခါးjoinပျက်၍ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ယာဥ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာမရှိကြောင်း၊ ယာဥ်ပျက်စီးမှုအခြေအနေကို အသေစိတ်မသိရှိရသေးကြောင်းနှင့် ယာဥ်အမှုစစ်များ လာရောက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

#PAN