ကန်တော်ကြီးရှိ ပန်းကန်လုံးကျွန်းအနီးတွင် အသက် ၆၅ နှစ်အရွယ်ရှိ အမည်မသိ အမျိုး သားကြီးတစ်ဦး ရေနစ်သေဆုံး

ဇူလိုင် ၂

        ရန်ကုန်မြို့၊ကန်တော်ကြီးရှိ ပန်းကန်လုံးကျွန်းအနီးတွင် ရေနစ်သေဆုံးနေသည့် အသက် (၆၅)နှစ်အရွယ်ရှိ အမည်မသိ အမျိုးသားကြီးတစ်ဦး၏ရုပ်အလောင်းအား ဇူလိုင် ၁ ရက် ည ၆ နာရီကျော်ခန့်က တွေ့ရှိခဲ့ရသည်ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သတင်းရရှိပါသည်။

     ”ပန်းကန်လုံးကျွန်းနားမှာ ရေနစ်သေဆုံးနေတဲ့အမျိုးသားကြီးတစ်ယောက်ရဲ့ Dead Body တွေ့တယ်ဆိုပြီး တောင်ညွန့်ကွန်ယက်ကသတင်းပေးလို့ သွားဆယ်ပေးခဲ့တာပါ နေ့လည်ထဲကပျောက်သွားလို့ သူ့မိသားစုဝင်တွေက လိုက်ရှာနေတာလို့သိရပါတယ် မိသားစုဝင်တွေလည်းရောက်လာပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောပါသည်။

#PAN