ရခိုင်ပြည်နယ် ALP ပါတီမှ ဒုဥက္ကဌ၊တပ်ရင်းမှူးအဆင့်ရှိသူ တစ်ဦးပါဝင်သော မော်တော်ယာဥ်ကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ စောင့်ဆိုင်းပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၂

      ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် နိုင်ငံတော်နှင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) တွင် လက်မှတ်ထိုးထားသော ရခိုင်ပြည်နယ် ALP ပါတီမှ ယာဉ်မောင်း တပ်သား ခိုင်ကျော်ကျော်နိုင်(စိစစ်ဆဲ) မောင်းနှင်
ပြီး ယာဉ်ပေါ်တွင် ALP ပါတီမှ ဒုဥက္ကဌ ခိုင်နေ ကျော်၊ တပ်ရင်းမှူးအဆင့်ရှိ ခိုင်ကျော်မင်း၊ တပ်သားအဆင့်ရှိ ကျော်မင်းစိုးနှင့် ခိုင်ဘိုမင်းတို့စီးနင်းလိုက်ပါလာသည့် ယာဉ်အမှတ် 4D/5668 Honda CRV စိမ်း/အပြာရောင်မော်တော်ယာဉ်နှင့် ၎င်းနောက်တွင် ALP ပါတီမှ ဒုအရာခံဗိုလ်အဆင့်ရှိ ခိုင်ကျော်ရဲအောင် မောင်းနှင်ပြီး ဗကအဆင့်ရှိ ဗိုလ်စိုင်းတို့ စီးနင်းလိုက်ပါလာသော ဆိုင်ကယ်အမျိုးအစား(စိစစ်ဆဲ)တို့သည် စစ်တွေမြို့ ၊ မင်းဂံရပ်ကွက်ရှိ ALP ပါတီဥက္ကဌ ဒေါ်စောမြရာဇာလင်း ၏နေအိမ်မှ စက်ရုံစုရပ်ကွက်ရှိ ALP ပါတီရုံးသို့ မင်းဂံ-စစ်တွေတက္ကသိုလ်သွားကားလမ်းအတိုင်း မြောက်မှ တောင်သို့ ပြန်လာစဉ် စစ်တွေမြို့၊မင်းဂံရပ်ကွက်ရှိ စစ်တွေတက္ကသိုလ်ရှေ့ စစ်တွေ – ပလ္လင်ပြင်ရွာသွားလမ်းနှင့် စစ်တွေ-မင်းဂံသွားလမ်း၊ လမ်းဆုံအရောက်တွင် ဦးစီးခေါင်းဆောင်၊ အင်အား(စိစစ်ဆဲ)
အမည်မသိလက်နက်ကိုင်အဖွဲ့မှ ယာဉ်အမှတ် (စိစစ်ဆဲ)၊အမျိုးအစား(စိစစ်ဆဲ)အဖြူရောင်ယာဉ်ဖြင့် စောင့်ဆိုင်း၍ လက်နက်(စိစစ်ဆဲ)တို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ပစ်ခတ်ခဲ့ရာမှ 4D/5668 Honda CRV ယာဉ်မှာ လက်ဝဲဘက်သို့ ထိုးကျကာ သစ် ပင်သို့ တိုက်မိခဲ့ကြောင်း၊ ALP ပါတီမှ ဒုဥက္ကဌ ခိုင်နေကျော်၊ တပ်ရင်းမှူးအဆင့်ရှိ ခိုင်ကျော်မင်း၊
ယာဉ်မောင်း တပ်သားအဆင့်ရှိ ခိုင်ကျော်ကျော်နိုင် တို့(၃)ဦးမှာ ဒဏ်ရာများအသီးသီးရရှိကာ
အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း၊ တသအဆင့်ရှိ ကျော်မင်းစိုးနှင့် ခိုင်ဘိုမင်း၊ ဒုအရာခံဗိုလ်အဆင့်ရှိ ခိုင်ကျော်ရဲအောင်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း၊ သေဆုံးသူ များနှင့် ဒဏ်ရာရရှိသူများကို စစ်တွေမြို့ ပြည်သူ့
ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သတင်းရရှိပါသည်။

#PAN