“အမေရိကန်နိုင်ငံ၏ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခု မနေ့က မီးလောင်မှု ဖြစ်ပွားခဲ့”

ဇူလိုင် ၁

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၏ လော့စ်အိန်ဂျလိစ်မြို့ရှိ အမေရိကန်နိုင်ငံ၏ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကြီး Warner Bros Studios ကြီး တွင် မနေ့က အကြီးအကျယ် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုမှာ ဇွန်လ ၃၀ရက် မွန်းလွဲပိုင်း ၁ နာရီ ၄၀ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်သမားများ အဆိုပါ မီးလောင်မှုဖြစ်ပွားသောနေရာသို့ ရောက်ရှိလာပြီး မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ အာဏာပိုင်တွေက ​တရားဝင်သတင်းထုတ်ပြန်ထားကြပါတယ်။

Warner Bros Studios ကြီး မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း မီးသတ်တာဝန်ရှိသူများက ပြောကြားထားပြီး မီးလောင်ရသည့် အကြောင်း ရင်းကို စုံစမ်းစစ်ဆေး နေဆဲဖြစ်တယ်လို့ လည်း ထပ်လောင်း ပြောကြားထားပါတယ်။