“ထောက်ပံ့ငွေများဖြင့် ယူကရိန်းက နိုင်ငံ့ဝန်ထမ်းများကို လစာ ငွေပေး ချေမှုများ ပြုလုပ်နေရ”

ဇူလိုင် ၁

အမေရိကန်နိုင်ငံ နှင့် ဖင်လန်နိုင်ငံ တို့မှ ထောက်ပံ့ငွေ ကန်ဒေါ်လာ ၁.၂ ဘီလီယံကျော် ကို ယူကရိန်းနိုင်ငံသို့ ပေးပို့ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ထောက်ပံ့ငွေများကို ယူကရိန်း နိုင်ငံအတွင်းရှိ နိုင်ငံ့ဝန်ထမ်း၊ ဆရာ၊ ဆရာမများ၊ ပင်စင်လခစားများနှင့် အခြားသောငွေပေး ချေမှုများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ယူကရိန်းဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၂၉ရက်နေ့ကအတည်ပြုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ ဘတ်ဂျက်ဖြင့် အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံကျော်အတွက် အမေရိကန် နှင့် ဖင်လန်နိုင်ငံတို့မှ ထောက်ပံ့ငွေကို ပြီးခဲ့သည့် ဇွန်လ ၃၀ရက်နေ့က ရရှိခဲ့ကြောင်း ယူကရိန်း နိုင်ငံ၏ဘဏ္ဍာ​ရေးဝန်​ကြီးဌာနက ​​ထုန်ပြန်ကြေညာထားပြီး ယူကရိန်းသည် အမေရိကန် ထံမှ ဒေါ်လာ ၁.၂ ဘီလီယံနှင့် ဖင်လန်သမ္မတနိုင်ငံထံမှ ဒေါ်လာ ၁၅ သန်း ရရှိခဲ့တာဖြစ်တယ်လို့ အဆိုပါ ဝန်ကြီးဌာနရဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။