ဇူလိုင် ၁
အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၏ လော့စ်အိန်ဂျလိစ်မြို့ရှိ အမေရိကန်နိုင်ငံ၏ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကြီး Warner Bros Studios ကြီး တွင် မနေ့က အကြီးအကျယ် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုမှာ ဇွန်လ ၃၀ရက် မွန်းလွဲပိုင်း ၁ နာရီ ၄၀ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်သမားများ အဆိုပါ မီးလောင်မှုဖြစ်ပွားသောနေရာသို့ ရောက်ရှိလာပြီး မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ အာဏာပိုင်တွေက တရားဝင်သတင်းထုတ်ပြန်ထားကြပါတယ်။
Warner Bros Studios ကြီး မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း မီးသတ်တာဝန်ရှိသူများက ပြောကြားထားပြီး မီးလောင်ရသည့် အကြောင်း ရင်းကို စုံစမ်းစစ်ဆေး နေဆဲဖြစ်တယ်လို့ လည်း ထပ်လောင်း ပြောကြားထားပါတယ်။