အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးသီး ကော့ကရိတ်မြို့ထဲကျရောက် ပေါက်ကွဲပြီး အရပ်သားပြည်သူတစ်ဦးသေဆုံး

အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးသီး ကော့ကရိတ်မြို့ထဲတွင်ပေါက်ကွဲပြီး အရပ်သားပြည်သူတစ်ဦးသေဆုံး
************************************
ဇွန် ၂၈

      ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အကြမ်း ဖက်သောင်းကျန်းသူ KNU နှင့် PDF(စိစစ်ဆဲ) အဖွဲ့များသည် ကော့ကရိတ်မြို့ထဲသို့ လက်နက် ကြီး၂လုံး ပစ်ခတ်ခဲ့ရာ ကော့ကရိတ်၊ အမှတ် ၃ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဦးရွှေဘနေအိမ်ရှေ့တွင် လက်နက်ကြီး  ၂ လုံးကျခဲ့ပြီး ၁ လုံး ပေါက် ကွဲခြင်းမရှိဘဲ  ၁ လုံးပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

       ထိုသို့ပေါက်ကွဲမှုကြောင့် ဆိုင်ကယ် ၁ စီးမီးလောင်ခဲ့ပြီး အရပပ်သားပြည်သူ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ကား ၁ စီး လက်နက်ကြီးစ ထိမှန်ခဲ့ရာ ဆီတိုင်ကီပေါက်ပြီး ရှေ့လေကာမှန် ကွဲအက်သွားကြောင်း သတင်းရရှိပါသည်။

#PAN