လမိုင်းမြို့အနီးတွင် အကြမ်းဖက်သောင်းကျန်းသူ KNLA တမဟ(၆)မှ လက်နက်ကိုင်များက သံဖြူဇရပ် – ရေး ကားလမ်းပေါ်တွင် ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်ကို တားဆီးစစ်ဆေးပြီး ရဲတပ်ဖွဲ့ဝင် ယူနီဖောင်းများနှင့် အသုံး အဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီး

ဇွန် ၂၇

          ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ရေးမြို့နယ်၊လမိုင်းမြို့၊လမိုင်း ကျေးရွာအနီးတံတားနေရာတွင် အကြမ်းဖက်သောင်းကျန်းသူ KNLA တမဟ(၆) ခေါင်း ဆောင်စိစစ်ဆဲ အင်အား ၃၀ ဦးခန့်တို့သည် သံဖြူဇရပ်မြို့ဖက်မှ ရေးမြို့ဖက်သို့လာသည့် ယာဉ်အမှတ်၊ 7K-4909 ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်ကို တားဆီးရပ်တန့်ခိုင်း၍စစ်ဆေးခဲ့ရာ အဆိုပါမော်တော် ယာဉ်အတွင်း၌ ရဲတပ်ဖွဲ့ဝင်ယူနီဖောင်းများနှင့် အသုံးအဆောင်ပစ္စည်းများကို တွေ့ရှိသဖြင့် ကားပေါ်မှချကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါရွှေစင်စင်္ကြာမှန်လုံယာဉ်သည် ရေးမြို့ ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

       အကြမ်းဖက်သောင်းကျန်းသူ KNLA တပ်မဟာ(၆)နှင့် PDF ပူးပေါင်းအဖွဲ့များသည် ယခုလအတွင်း မော်လမြိုင် သံဖြူဇရပ် ရေး ကားလမ်းပေါ်တွင် ဝင်ရောက်လာပြီး ခရီးသွား မော် တော်ယာဥ်များကို တားဆီးပြီး တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊နိုင်ငံဝန်ထမ်းများ ပါ မပါ စစ်ဆေးခြင်းများ ဆက်တိုက်ပြုလုပ်လျှက်ရှိရာ ဝန်ထမ်းများအနေဖြင့် ခရီးသွားလာရန် အခက် အခဲဖြစ်ပေါ်လျှက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN