UFC ပွဲဦးထွက်မှာပဲ အနိုင်ရလာဒ်ကို ထိုက်ထိုက်တန်တန် ယူပြလိုက်တဲ့ မြန်မာကိုယ်စားပြု ဂျော့ရှုဝါဗန်************************************ဇွန် ၂၆ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗလ်မြို့မှာ ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီကျင်းပတဲ့ UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်မှာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန်က ကာဇက်စတန်က ဇဟယ်ဂတ်စ် ဇူမာဂူလာ့ဗ်ကို အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲဟာ ဂျိုရွှာဗန်အတွက်တော့ UFC မှာ ပထမဆုံး ပွဲဦးထွက်ထိုးသတ်ခွင့်ရတဲ့ ပွဲစဉ်ဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ရှိ ကာဇက်စတန်နိုင်ငံသား ပြိုင်ဖက်ကို အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။ MMA ကစားသမားဘဝကို ၂၀၂၁ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ယခုနှစ်ထဲမှာ UFC အဖွဲ့ချုပ်မှ ကမ်းလှမ်းခံခဲ့ရကာ ပထမဆုံးပြိုင်ပွဲမှာပဲ အနိုင်ရရှိခဲ့တဲ့ မြန်မာပြည်ဖွားတိုင်းရင်းသား တယောက်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။Photos : Twitter, UFC