“အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အာဏာရှင်ကြီးဖြစ်တယ်လို့ မှတ်ချက်ပေး ပြောကြားခဲ့သည့်အပေါ် အမေရိကန်-တရုတ် နှစ်နိုင်ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန် ကြိုးပမ်းမှုများကို ပျက်ပြားသွားစေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့”

ဇွန် ၂၃

တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်နှင့် ပတ်သက်ပြီး မကြားသေးမှီက ၎င်း၏ ယုတ်ညံ့သော မှတ်ချက်တစ်ခုဖြစ်သည့် သမ္မတ ရှီအား (အာဏာရှင် ကြီးဖြစ်တယ်လို့ ခေါ်ဆိုခြင်း) သည် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်သွားစေမည်ကို မယုံကြည်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ပြီးခဲ့သည့် ဇွန်လ ၂၂ရက်နေ့က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

“တစ်ချိန်ချိန်မှာ People’s Republic of China ( PRC) ရဲ့ ဥက္ကဋ္ဌ Xi Jinping နဲ့ တွေ့ဆုံသွားဖို့ မျှော်လင့်နေပါတယ်။ ရှီကို ခုလို အာဏာရှင်ကြီးလို့ ပြောဆိုချက်ရဲ့ တကယ့် အကျိုးဆက်တွေရှိတယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ အိမ်ဖြူတော်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နှင့် ပူးတွဲပြီးပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သမ္မတ Biden က ပြောကြားခဲ့တာဖြစ်ပါတယ်။