ကော့သောင်းမြို့နယ်၊ဘန့်ကချွန်ကျေးရွာအုပ်စု၊ရေငန်းချိုင်ကျေးရွာရှိ ပြည်သူ့စစ်များကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက ညသန်းခေါင်ကျော်တွင် လာရောက်သတ်ဖြတ်

ဇွန် ၂၂

       ယနေ့ နံနက် ၁ နာရီအချိန်ခန့်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ကော့သောင်းမြို့နယ်၊ဘန့်ကချွန်ကျေးရွာအုပ်စု၊ရေငန်းချိုင်ကျေးရွာသို့ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အင်အား
၂၀ ကျော်ခန့် ဝင်ရောက်လာပြီး ကျေးရွာပြည်သူ့ စစ်ခေါင်းဆောင် ဦးစိန်၊ ပြည်သူ့စစ် ဦးစိန်သန်း၊ ဦးသန့်ဇင်တို့ကို ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရှိရပါသည်။

       အဆိုပါ သေဆုံးသူ ပြည်သူ့စစ်များ၏ Death Body များကို ညတွင်းချင်း ကော့သောင်းမြို့ရှိ တပ်မတော်စစ်ဆေးရုံ (၁၃/၁၀၀)သို့ ပိုဆောင်ခဲ့ကြောင်း၊ လူသတ်အကြမ်းဖက် PDF များဆုတ်ခွာရာလမ်းကြောင်းများကို တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းလျက်ရှိကြောင်းသတင်းရရှိပါသည်။

#PAN