ရက်ရှ်ဖို့ဒ်ကို အမြင့်မားဆုံးလုပ်ခဖြင့် စာချုပ်သက်တိုးရန် မန်ယူ စီစဉ်


ဇွန် ၂၀
မန်ယူအသင်းဟာ အင်္ဂလန်တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်အား နှစ်ရှည် စာချုပ်သစ် ချုပ်ဆိုသွားဖို့အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
စာချုပ်သစ်အတွက် ညှိနှိုင်းမှုတွေဟာလည်း နောက်ဆုံးအဆင့်ထိ ရောက်ရှိနေသလို ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း နည်းပြတန်ဟက်ဂ် လက်အောက်မှာ အလုပ်လုပ်ကိုင်နေရတာကို သဘောကျတဲ့အတွက် အသင်းနဲ့ ဆက်လက် သက်တမ်းတိုးဖို့ကို လက်ခံလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခပေါင် နှစ်သိန်းခွဲ ရရှိနေသူဖြစ်ပြီး စာချုပ်သစ်အရ ပေါင် ၃၇၅၀၀၀ အထိရရှိမှာလဲဖြစ်ပါတယ်။