“မြတ်မောင်”စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့်ဖြစ်စဉ်မှတစ်ဆင့်အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နေသည့် တွံတေးမြို့ပြပြောက်ကျား အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ဖော်ထုတ်ဖမ်းဆီးရမိ

ဇွန် ၂၀

     ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်းရှိ “မြတ်မောင်”စိန်ရွှေရတနာဆိုင်သို့ အကြမ်းဖက်သမား    ၃ ဦးမှ ရောက်ရှိလာပြီး ရွှေဆိုင်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံအား သေနတ်ပြခြိမ်းခြောက် ဓားပြတိုက်လုယက်ခဲ့သည့် တရားခံများနှင့် ဆက်စပ်တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား လက်နက်/ခဲယမ်းမျိုးစုံ တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကာ ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ဖြစ်စဉ် ဖြစ်ပွားပြီး ၅ နာရီအတွင်း ပြန်လည်သိမ်းဆည်းရမိခဲ့သည့်သတင်းအား ဇွန်လ ၁၉ ရက် တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

     အဆိုပါ ဓားပြတိုက်လုယက်မှုဖြစ်စဉ်မှ တရား ခံများအား စစ်ဆေးဖော်ထုတ် ချက်အရ တရား ခံ ဖြိုးကိုကို သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် KNLA တပ်မဟာ(၆) နယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား လည်းကောင်း၊ ကိုကိုအောင်၊ ကောင်းမြတ်၊ ကျော်ဇင်ဝေနှင့် ကောင်းထက်စံ တို့ ၄ ဦးသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ တွင် တွံ့တေးမြို့နယ်၊ ဂယက်လက်မီးကျေးရွာတွင် တွံ့တေးမြို့ပြပြောက်ကျား အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား လည်းကောင်း အသီးသီးတက်ရောက်ခဲ့ကြောင်းနှင့် တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက် အဖွဲ့အား ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်၊ အပြစ်မဲ့ပြည်သူ များအား လုပ်ကြံသတ်ဖြတ်ရန်အတွက်  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖမ်းဆီးရန်ကျန် တရားခံ ဆံရှည်(ခ)ကိုထက်နှင့် ချမ်းမြေ့အောင် တို့မှ ခေါင်းဆောင်၍ ကိုကိုအောင်၊ ဖြိုးကိုကို၊ ကောင်းမြတ်၊ ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်၊ ကောင်းထက်စံ အပါအဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

      ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တွံ့တေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်၊ ဓားပြတိုက်လုယက်မှုများပြုလုပ်ရန်အတွက် M4A1 သေနတ်  ၂ လက်၊ M-16 သေနတ် ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ ၉ မမ Luger ကျည် ၃၀၀ တောင့်တို့အား ဖမ်းဆီးရန်ကျန် တရားခံ ဆံရှည်(ခ)ကိုထက်၏ ချိတ်ဆက်ပေးမှုဖြင့် ဖြိုးကိုကိုမှ တွံ့တေးမြို့နယ်၊ ညောင်တံခါး ကျေးရွာအနီးတွင် ဖမ်းဆီးရန်ကျန်တရားခံ ချမ်းမြေ့ ထံမှ ၂ ကြိမ်ခွဲ၍ သွားရောက် ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

     ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်တရားခံ တွံတေး မြို့ပြပြောက် ကျား အမည်ခံအကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဆံရှည်(ခ)ကိုထက်  နှင့် ချမ်းမြေ့အောင် တို့၏ ခိုင်းစေမှုဖြင့် တွံ့တေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု(၁၀)ကြိမ်၊ ဓားပြတိုက်လုယက်မှု(၃)ကြိမ်တို့ ဆောင်ရွက်ခဲ့ကြောင်း-

• ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်တွင် ဖြိုးကိုကို သည် တွံတေးမြို့နယ်၊ တလုတ် ထော်အောက်ကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦး နှင့် ဇနီးဖြစ်သူ တို့အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။

• မတ်လ ၁၀ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင်တို့ ၂ ဦးသည် တွံတေး မြို့နယ်၊ ရွှေဆံတော်ရပ်ကွက် ရာအိမ်မှူး ဦးကြည်လေး အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းမြတ် မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

• မတ်လ ၁၃ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင် တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ ကျိုက်ထော်-ကညင်ငူ ကားလမ်းတွင် အပြစ်မဲ့ပြည်သူ ဒေါ်ခင်မိုးသူအား ဒလန်ဟု စွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းမြတ်မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

• ဩဂုတ်လ ၁ ရက်တွင် ဖြိုးကိုကို သည် တွံတေးမြို့နယ်၊ ဘီခိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ရာတွင် ကိုကိုအောင်နှင့် ကောင်းမြတ် တို့ ၂ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

• ဩဂုတ်လ ၂၂ ရက်တွင် ဖြိုးကိုကို၊ ကောင်းမြတ်နှင့် ကိုကိုအောင် တို့ ၃ ဦး သည် တွံတေးမြို့နယ်၊ မြကန်သာကျေးရွာလမ်းဆုံ၌ ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ညွှန့် အပါ ၆ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ် ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ် နှင့် ကောင်းထက်စံ တို့ ၃ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

• အောက်တိုဘာလ ၈ ရက်တွင် ဖြိုးကိုကိုနှင့် ကောင်းမြတ် တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ မယ်ပြေကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးထွန်းထွန်းနှင့် ဇနီးဖြစ်သူတို့အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာ တွင် ကိုကိုအောင်မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

• နိုဝင်ဘာလ ၅ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင် နှင့် ကောင်းမြတ် တို့ ၃ ဦး သည် တွံတေးမြို့နယ်၊ သမ္ဗာန်ဆိပ်ကျေးရွာတွင် အပြစ်မဲ့ပြည်သူ ဉီးသိန်းဇော် အပါ ၅ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာ တွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံ တို့ ၃ ဦးမှ အခြေ အနေ ကြည့်ရှုပေးခဲ့ကြောင်း။

• နိုဝင်ဘာလ ၆ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင် တို့ ၂ ဦးသည် တွံတေး မြို့နယ်၊ လာကပုံကျေးရွာတွင် အပြစ်မဲ့ပြည်သူ ဦးတိုးမင်းထိုက်နှင့် ဇနီး ဖြစ်သူတို့အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာ တွင် ကောင်းမြတ် မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

• ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင် နှင့် ကောင်းမြတ် တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ ကပင်ကြီးကျေးရွာရှိ အပြစ်မဲ့ ပြည်သူ မစန်းပပအောင် ၏နေအိမ်အား ဓားပြတိုက်လုယက်၍ သတ်ဖြတ်မှု ကျူးလွန်ရာတွင်  ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

• မတ်လ ၄ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ် တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ရာအိမ်မှူး ဦးသန်းလွင်တို့ ၂ ဦးအား ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းထက်စံမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

• ဧပြီလ ၁၀ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ် တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ မယ်ပြေကျေးရွာရှိ ဦးထွန်းထွန်းဦး၏ နေအိမ်အား သေနတ်ပြ ခြိမ်းခြောက်၍ ဓားပြတိုက်လုယက်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

• ဇွန်လ ၁၈ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ် တို့ ၃ ဦးသည် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်းရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်လုယက်ရာ တွင် ကောင်းထက်စံ၊ ကျော်ဇင်လတ်နှင့် ကျော်ဇင်ဝေတို့ ၃ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

      အထက်ပါ ဖမ်းဆီးရမိတရားခံများအား ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ် များအား ဥပဒေအတိုင်း ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျှက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးသတင်းထုတ်ပြန်ထားပါသည်။

#PAN