နွားထိုးကြီးမြို့နယ်တွင် သာမန်ပြည်သူ၊ ပရဟိတသမား တစ်ဦးကို လူသတ်အကြမ်းဖက် PDF များက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ်

ဇွန် ၁၈

    ယနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊အမှတ်(၁) ရပ်ကွက် ဦးအောင်ကျော်မြင့်(ခ)ဒီမို၊၃၅ နှစ်၊(ဘ)ဦးငွေလှ၊ ဆိုင်ကယ်ပြင်၊အမှတ်(၁)ရပ်ကွက်၊ နွားထိုးကြီးမြို့နေသူကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။

      ဖြစ်စဉ်မှာ ယနေ ညနေ ၃ နာရီ ၄၀ မီးနစ်အချိန်ခန့်က သေဆုံးသူ ဦးအောင်ကျော်မြင့်(ခ)ဒီမိုသည် ၎င်း၏နေအိမ် ဆိုင်ကယ်ပြင်ဆိုင်တွင် ဇနီးဖြစ်သူ မကေခိုင်ဦး၊၃၅ နှစ်(ဘ)ဦးညိုလုံး၊မှီခိုနှင့်အတူရှိနေစဉ် အမည်မသိလူသတ်အကြမ်းဖက် PDF အမျိုးသား ၃ ဦးက ဆိုင်ကယ် ၁ စီး၊ လက် နက်တို/ရှည်(စိစစ်ဆဲ)ဖြင့်ရောက်ရှိလာပြီး ဦးအောင်ကျော်မြင့်(ခ)ဒီမိုကို သေနတ်ဖြင့်ပစ်သတ်၍ Vivo အမျိုးအစား အဖြူရောင် ဖုန်း ၁ လုံး၊ Mi အမျိုးအစား အနက်ရောင်ဖုန်း ၁ လုံး၊ ခဲရောင်ဖုန်း ၁ လုံး၊ Dayang အမျိုးအစား အပြာနုရောင် ဆိုင်ကယ် ၁ စီးတို့ကို ယူဆောင်ကာ နွားထိုးကြီး – တောင်သာသွားကားလမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရပါသည်။

     ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးအောင်ကျော်မြင့်(ခ)ဒီမိုတွင် ဝဲဘက်ညှပ်ရိုး ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ချက်အထက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာဘက်ခြေဖုဝါးဖောက်ဝင်/ထွက် ဒဏ်ရာ ၁ ချက်၊ယာဘက်လက်မောင်းဖောင်ဝင်ဒဏ်ရာ ၂ ချက်၊ ယာဘက်ရင်အုံ ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်းဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ဝဲဘက်တံတောင်ဆစ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်အုံပွန်းခြစ်ဒဏ်ရာ ၁ ချက်၊ ကျောပြင်ယာဘက်ခြမ်းဖောက်ထွက် ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ အခင်းဖြစ်နေရာ အနီးဝန်း ကျင်တွင် 9mm Thaiarmsကျည်ခွံ ၁ ခု၊9mm Luger ကျည်ခွံ ၁ ခု၊M-22ကျည်ခွံ ၅ ခုကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း၊ အကြမ်းဖက် PDF များက သတ်ဖြတ်ရသည့် အကြောင်းအရင်းကို မသိရှိရသးကြောင်း သတင်းရပါသည်။

     သေဆုံးသူ ဦးအောင်ကျော်မြင့်(ခ)ဒီမိုသည် သာမန်ပြည်သူတစ်ဦးဖြစ်ပြီး ပရဟိတယာဥ်မောင်းဖြစ်သကဲ့သို့ သွေးလှူရှင်အဖွဲ့မှ အဖွဲဝင်တစ်ဦးလည်းဖြစ်ကြောင်း သိရပါသည်။

#PAN