“တရုတ်နိုင်ငံ၏ Long March 2D အမျိုးအစား ဂြိုလ်တုဒုံးပျံ ကို ၄၁ ကြိမ်မြောက် အဖြစ် အောင်မြင် စွာလွှတ်တင်နိုင်ခဲ့”

ဇွန် ၁၆

တရုတ်နိုင်ငံသည် Long March 2Dအမျိုးအစား ဒုံးပျံ ဂြိုလ်တုများလွှတ်တင်မှု၏ ၄၁ လုံးမြောက်ကို ပြီးခဲ့သည့် ဇွန်လ ၁၅ရက် ကြာသပတေးနေ့တွင် လွှတ်တင်ခဲ့တာဖြစ်ပြီး အာကာသအတွင်းသို့ တရုတ်နိုင်ငံ၏ဒုံးပျံလွှတ်တင်မှု မစ်ရှင် တစ်ခုတည်းတွင် ဂြိုလ်တုအများဆုံးလွှတ်တင် ပေးပို့ခြင်းအတွက် နိုင်ငံ၏စံချိန်သစ်တစ်ရပ်ကို ဖန်တီးနိုင်ခဲ့ကြောင်း ဆင်ဟွာ( Xinhua) သတင်းဌာန နှင့် CCTV သတင်းဌာနတို့ကဖော်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဒုံးပျံသည်တရုတ်နိုင်ငံ Shanxi ပြည်နယ်ရှိ Taiyuan ဂြိုလ်တုလွှတ်တင်ရေးစင်တာကြီးမှ ပြီးခဲ့သည့် ကြာသာပတေးနေ့ (ဒေသစံတော်ချိန်) မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် လွှတ်တင် ခဲ့တာဖြစ်တယ်လို့ Xinhua သတင်းဌာနက ဖော်ပြပြောဆိုထားပါသေးတယ်။

တရုတ်နိုင်ငံ၏ စံချိန်တင် ဒုံးပျံလွှတ်တင်မှု ၄၁လုံးမြောက်ဖြစ်သည့် Long March-2D အမျိုးအစား ဒုံးပျံဂြိုလ်တုကို တရုတ်နိုင်ငံက စီးပွားဖြစ် အဝေးထိန်း အာရုံခံဝန်ဆောင်မှု အတည်ပြုခြင်းများနှင့် ဆက်စပ်နည်းပညာများ အတွက် အသုံးပြုသွားမှာလည်းဖြစ်တယ်လို့ အဆိုပါ သတင်းဌာနကဖော်ပြပြောဆိုထားပါသေးတယ်။