“အိန္ဒိယ ဒေလီမြို့အတွင်းရှိ သင်တန်းကျောင်းတစ်ခု ယနေ့ မီးလောင်မှုဖြစ်ပွား”

ဇွန် ၁၅

အိန္ဒိယနိုင်ငံ ဒေလီမြို့ ၏ အနောက်မြောက်ဘက် ပိုင်းရှိ Mukherjee Nagar ရပ်ကွက် ဧရိယာအတွင်းရှိ သင်တန်းကျောင်းတစ်ခုတွင် ယနေ့ ဇွန်လ ၁၅ရက် ကြာသပတေးနေ့တွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေလီမြို့၏ မီးသတ် ဝန်ဆောင်မှုများမှ တာဝန်ရှိသူများက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှု​ဖြစ်ပွားခဲ့သည့် အထပ်မြင့် အဆောင်အအုံ ၏ သင်တန်းကျောင်း အတွင်းရှိ လူများ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းကိုပါ ၎င်းတို့က ထပ်လောင်း ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့သော အဆိုပါ သင်တန်း အဆောက်အအုံ ပြတင်းပေါက်များမှ သင်တန်းသားများကို ဒေလီ မီးသတ်တပ်ဖွဲ့ဝင်များက ကြိုးများဖြင့် ကူညီကယ်ဆယ်ပေးနေသည့် ရုပ်သံဗီဒီယို သတင်းမှတ်တမ်းတစ်ခုသည် social media များပေါ်တွင် ပျံ့နှံ့သွားခဲ့ကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။