နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ ရန်ကုန် – မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၄၀/၁ နှင့် ၂၄၀/၂ကြားတွင် ၆ ဘီးယာဥ် နှစ်စီး မျက်နှာ ချင်းဆိုင် ယာဥ်တိုက်မှုဖြစ်ပွား

ဇွန် ၁၅

     ယမန်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ခေတ်အေးအုပ်စု၊ဝင်ပြန်ကျေးရွာအနီး ရန်ကုန် – မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၄၀/၁ နှင့် ၂၄၀/၂ကြားတွင် ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် MDY-28/ 3L-2244 NISSAN Canter ၆ ဘီး မောင်းနှင်းသူ ဦးချစ်မင်းထက်၊ ၃၅ နှစ်၊(ဘ) ဦးစောဝင်း၊ ၉/မခန(နိူင်)၂၄၁၁၂၈၊ အမှတ် (၁၆)ရပ်ကွက်၊မြင်းခြံမြို့၊ ယာဉ်နောက်လိုက် ဦးစိုးတင့်၊ ၅၃နှစ်၊(ဘ) ဦးအေး၊ ၊၉/မခန (နိူင်) ၀၆၉၃၄၄၊ အမှတ်၁၆ရပ်ကွက်၊ မြင်းခြံမြို့နေသူနှင့် တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ ယာဥ်အမှတ် YGN 6B 5996 mitsubishi Canter ၆ ဘီးယာဥ်ဖြင့်မောင်းနှင်လာသည့် ယာဉ်မောင်း ဦးနေလင်းထွန်း၊၂၁နှစ်၊(ဘ) ဦးနိူင်ကျော်၊ ၉/ပမန( နိူင်)၂၉၄၁၃၂၊ ပျဉ်းနားမြို့၊ ယာဉ်နောက်လိုက် ဦးသန်းလွင်ဦး၊၃၇နှစ်၊(ဘ) ဦးတင်အောင်၊မြောက်လက်ကုန်းကျေးရွာ၊ပျဉ်းမနားမြို့၊ ဦးခိုင်လင်းဦး၊ ၃၇နှစ်၊(ဘ)ဦးစိုးနိူင်တို့ အရှိန်မထိန်းနိုင်ဘဲ မျက် နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ပါသည်။

ထိုသို့ မော်တော်ယာဥ် နှစ်စီး တိုက်မိရာမှ ဦးနေလင်းထွန်း ဘယ်ဘက်ခြေကျင်းဝပ်ကျိုးဒဏ်ရာ၊ ဦးစိုးလင်းဦးမှာ ယာခြေစကြွယ်ကြေဒဏ်ရာ၊ ရရှိခဲ့ကြပြီး ဦးသန်းလွင်ဦး ဘယ်ခြေဖမိုးကွဲရှဒဏ်ရာ၊ ဦးစိုးတင့် ဦးခေါင်းပေါက်ပြဲ ဘယ်ခြေပွန်းပဲ့ဒဏ်ရာရရှိသဖြင့် ခုတင်၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN