ဇေယျာသီရိမြို့နယ်၊ ရန်ကုန် –  မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၂၃၉/၆ နှင့် ၂၃၉/၇ အကြား ခရေပင်လမ်းခွဲတွင် ဆိုင်ကယ်နှင့် ထော်လာဂျီတို့ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား

မေ ၁၄

   ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန် –  မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၂၃၉/၆
နှင့် ၂၃၉/၇အကြား ခေတ်အေးအုပ်စု၊ခရေပင်လမ်းခွဲတွင် ပျဥ်းမနားဘက်မှ တပ်ကုန်းဘက်သို့ ဆိုင်ကယ်စီးနင်းလာသော ကိုဇော်၊၅၀နှစ်၊(ဘ)ဦးမှုန်၊ရုံးပင်​တွင်းကျေးရွာ၊ဘွက်အုပ်စု၊ရမည်းသင်းမြို့နယ်နေသူ၏ ဆိုင်ကယ်ဖြင့် တပ်ကုန်းဘက်မှပျဥ်းမနားဘက်သို့ မောင်းနှင်လာသည့် ယာဥ် မောင်း ဦးအောင်ခင်၊၅၈နှစ်၊(ဘ)ဦးသန်းအောင်
၉/တကန(နိုင်)၁၂၀၁၆၁၊ သံပရာကုန်းကျေးရွာ၊ပုဇွန်ဆိတ်အုပ်စု၊ ပုပ္ဗသီရိမြို့နယ်နေသူ၏ ပုဇဥ်းခေါင်းထော်လာဂျီဖြင့် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရပါသည်။

    ထိုသို့ ယာဥ်တိုက်မှုကြောက့် ဆိုင်ကယ်ယာဥ်မောင်း ကိုဇော်တွင် ဘယ်ဘက်ပေါင်ကျိုး၊မေးစေ့ ပေါက်ပြဲဒဏ်ရာရရှိပြီး ကုတင် ၁၀၀၀ပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN