ဆိုင်ကလုန်းဘေးသင့်ဒေသများမှ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် အိန္ဒိယနိုင်ငံရှိ Indo-Myanmar Friendship Association များမှ အလှူငွေများ လှူဒါန်း

ဇွန် ၁၀

       ဆိုင်ကလုန်း “မိုခါ” ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်ကာ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Prof. Mr. Ranganathan. J (Indo-Myanmar Friendship Association Chennai Chapter) မှ  အမေရိကန်ဒေါ်လာ (၂,၀၀၀) အားလည်းကောင်း၊ Adv. Mohanrao N. Pimple (Indo-Myanmar Friendship Association Mumbai Chapter)  မှ အမေရိကန်ဒေါ်လာ (၂,၃၀၀)အား လည်းကောင်း နယူးဒေလီမြို့၊ မြန်မာသံရုံးသို့ ၁၁-၆-၂၀၂၃ ရက်တွင် လာရောက်ပေးအပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် မှ အလှူငွေများ လက်ခံရယူခဲ့ပါသည်။

    သံအမတ်ကြီး မှ  မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုးကူညီပေးသည့်အတွက် မြန်မာနိုင်ငံအစိုးရ ကိုယ်စား  ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူငွေများကို မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ကျေးဇူးတင်လွှာ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#PAN