မြင်းခြံမြို့နယ်၊ မြင်းခြံ – မြို့သာ သွားကားလမ်းဘေးတွင် လူသတ်အကြမ်း ဖက် PDF အဖွဲ့ကထောင်ထားသော လက်လုပ်မိုင်းများ သိမ်းဆည်းရမိ

ဇွန် ၁၂

ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ – မြို့သာ သွားကားလမ်းဘေး တူရွင်းဘို့ကျေးရွာနှင့် သစ်ရုံကျေးရွာကြားတွင် လူသတ်အကြမ်း ဖက် PDF အဖွဲ့က လက်လုပ်မိုင်းများထောင်ထားကြောင်းသတင်းအရ တပ်မတော်လုံခြုံရေးစစ်ကြောင်းနှင့် မြင်းခြံပြည်သူ့စစ်(ဌာနေ) တို့ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းခဲ့ပါသည်။

      ထိုသို့ ရှင်းလင်းစဥ် မုန့်ပုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁၃ လုံး၊ အရှည် ၂ ပေခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး၊ အရှည် ၈ လက်မခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၂ လုံး၊ ကိုက် ၁၀၀ ခန့်ရှိ ဝါယာကြိုးခွေ ၃ ခွေ၊ ဆိုင်ကယ်ဘက္ထရီအိုး ၆ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN