“နိုင်ဂျီးရီးယား ဗဟိုဘဏ်အကြီးအကဲဟောင်းအား ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့”

ဇွန် ၁၂

နိုင်ဂျီးရီးယားနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တာဝန်မှရပ်နားထားသော နိုင်ငံတော်၏ ဗဟိုဘဏ် အကြီးအကဲကို ဖမ်းဆီးခဲ့ကြတာလည်းဖြစ်ပါတယ်။

ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော နိုင်ဂျီးရီးယား နိုင်ငံ၏ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Godwin Emefiele ကို နိုင်ဂျီးရီးယားနိုင်ငံ၏ သမ္မတသစ် Bola Ahmed Tinubu ပါဝင်သော အစိုးရအဖွဲ့က ရာထူးမှ ဆယ်နှစ်နီးပါးကြာ ရပ်ဆိုင်း လိုက်ပြီးနောက် ဖမ်းဆီး ထိန်းသိမ်း ခံရခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့သည့်လပိုင်းတွင် အာဏာရလာသော Tinubu သည် အာဖရိကတိုက်၏ ငွေကြေးပြဿနာများမှ နိုင်ငံ့ အကြိုးစီးပွားရေးအတွက် အကြီးဆုံး စီးပွားရေး ပြောင်းလဲမှုများကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ကတိပြုထား ခဲ့တာလည်းဖြစ်ပါတယ်။

“နိုင်ငံတော်ဝန်ဆောင်မှုဌာန The Department of State Services (DSS) မှ တာဝန် ဆိုင်းငံ့ခံထားခံရသော နိုင်ဂျီးရီးယားဗဟိုဘဏ် Central Bank of Nigeria (CBN) ၏ အုပ်ချုပ်ရေးမှူး မစ္စတာ Godwin Emefiele သည် ယခုအခါ စုံစမ်းစစ် ဆေးမှုအချို့ကြောင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း နိုင်ဂျီးရီးယား နိုင်ငံ၏ DSS ပြည်တွင်း လုံခြုံရေး အေဂျင်စီမှ ပြီးခဲ့သည့် ဇွန်လ ၁၀ရက်နေ့က တရားဝင် ထုတ်ပြန် ကြောညာ ခဲ့တာ လည်းဖြစ်ပါတယ်။