ဖျာပုံမြို့ ရွှေဆိုင်ဓားပြတိုက်မှုတရားခံ၏ ထွက်ဆိုချက်အရ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၎င်း အပ်နှံထားသော သေနတ်နှင့် ဆပ်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဇွန် ၁၀

       ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာ ရှိ အိမ်ရှင် ဒေါ်ခင်မိုးနိုင် ၏ ​နေအိမ်တွင်  နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သတင်းအရ ယမန် နေ့ ညနေ ၅ နာရီ ၂၀ မီးနစ်အချိန်ခန့်တွင် သွား ရောက်ရှာဖွေခဲ့ရာ နေအိမ်ဘေး ဂိုဒေါင်အနောက် စတိုးခန်းအတွင်း သဲခွံစာလာအိတ်များကြားမှ
ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည်ဆံများ နှင့် လက်ပစ်ဗုံး ၁ လုံး တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

        ၎င်း လက်နက်ခဲယမ်းများမှာ ဖျာပုံမြို့ ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်စဥ်နှင့် ဆက်စပ်ဖော်ထုတ်ချက်အရ သွားရောက်ရှာဖွေခြင်းဖြစ်ကြောင်း၊ တရားခံ အောင်ကြီးမှ အသုံးပြုပြီး အဆိုပါအိမ်တွင်အပ်နှံထားခဲ့ကြောင်းကို ထွက်ဆိုထားခဲ့ကြောင်း၊ အိမ်ရှင် ဒေါ်ခင်မိုးနိုင် သည် မန္တလေးမြို့တွင်သွားရောက်ဆေးကုသနေသဖြင့် ယခု နေအိမ်သို့ပြန်လည်ရောက်ရှိမှ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN