ငါန်းဇွန်မြို့နယ်တွင် သာမန်ပြည်သူ နှစ်ဦးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDFများက သေနတ်ဖြင့် နေအိမ်တွင် လာရောက်ပစ်ခတ်သတ်ဖြတ်ပြီး ရွှေနှင့် ငွေသားများ ယူဆောင်သွား

ဇွန် ၁၁

       ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင်မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ဆင်ဖြူကုန်းကျေးရွာအုပ်စု၊ဆင်ဖြူကုန်းကျေးရွာအတွင်းသို့ လူသတ်အကြမ်းဖက် PDF အင်အား ၁၅ ဦးခန့် ဆိုင်ကယ် ၆ စီးဖြင့်ရောက်ရှိလာပြီး ဆင်ဖြူကုန်းကျေးရွာနေ ဦးမြင့်လွင်၊၄၀နှစ်၊(ဘ)ဦးစိန်လှနှင့်ဦးဆန်းထွန်း၊၅၀နှစ် တို့ ၂ ဦးကို ၎င်းတို့၏ နေအိမ်များအတွင်း ဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ့်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ ပစ်ခတ်သည့်အတွက် ဦးမြင့်လွင်နှင့်ဦးဆန်းထွန်းတို့မှာ သေနတ်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ၎င်းနောက် လူသတ်အကြမ်းဖက် PDF များသည် ဦးဆန်းထွန်း နေအိမ်မှ ရွှေထည် ၂ကျပ်သား၊ငွေသား သိန်း ၄၀ကျပ်တို့အား ယူဆောင်ကာ စစ်တပ်ထောက်ခံသူတွေမှတ်ထား အကုန်သတ်ပစ်မယ် ဟုအော်ဟစ်ပြောဆိုကာ ရေဇင်း-ကံလှကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သတက်းရဏှိပါသည်။

     သေဆုံးသူနှစ်ဦးစလုံးမှာ သာမန်ပြည်သူများသာဖြစ်ပြီး NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် သာမန်ပြည်သူများကို ဒလန်ဟုသော စွပ်စွဲချက်ဖြင့် အကြောင်းမဲ့သတ်ဖြတ်၊ ဓားပြတိုက် ရွှေ၊ ငွေ၊ ရတနာများကို အဓမ္မယူဆောင်နေကြကြောင်း သိရှိရပါသည်။

#PAN