“အိန္ဒိယသမုဒ္ဒရာတွင် အီရန်၏ စစ်ရေးမဟာမိတ် အတွက် ကမ်းလှမ်းမှုကို ပါကစ္စတန် ချိန်ဆနေ”

ဇွန် ၁၀

Islamabad နိုင်ငံများဖြစ်ကြသည့် အီရန် နှင့် ပါကစ္စတန်နိုင်ငံတို့သည် နှစ်နိုင်ငံ စုပေါင်းပြီး ရေကြောင်းလုံခြုံရေးဆိုင်ရာများ အတွက် အိန္ဒိယသမုဒ္ဒရာအတွင်း စစ်ရေးမဟာမိတ်ဖွဲ့ရန် တီဟီရန်(အီရန်) ၏ အစပြု ကမ်းလှမ်းမှုများကို ထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်လို့ ပါကစ္စတန် နိုင်ငံ၏ တာဝန်ရှိသူများက ပြီးခဲ့သည့် ဇွန်လ ၈ရက်နေ့တွင် ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ဘာရိန်းနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ ပါဝင်မည့် မဟာမိတ်အဖွဲ့အစည်းကြီး ဖွဲ့စည်းနိုင်ရေး အီရန် နိုင်ငံ၏ ရေတပ်ဦးစီးချုပ်က အဆိုပြုကမ်းလှမ်း နေတာ လည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ ဖျန်ဖြေရေးကြိုးပမ်းမှုကြောင့် ပြီးခဲ့သည့် မတ်လပိုင်းတွင် အီရန်နိုင်ငံနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ကြား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ချိန်မှစ၍ အဆိုပါ အစီအစဉ်သည် အရေးကြီးဆုံး အစီအစဥ်တစ်ခု ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုနေကြပါတယ်။