ကန့်ဘလူမြို့နယ်အတွင်း ပြည်သူ့စစ်ကျေးရွာများကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက သာလွန်အင်အားဖြင့် လာရောက်တိုက် ခိုက်

ဇွန် ၁၀

     ယမန်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ လယ်လှကျေးရွာ ပြည်သူ့စစ်စခန်းနှင့် ထန်းကုန်းကျေးရွာ ပြည်သူ့စစ်စခန်းတို့ကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF တို့က သာလွန်အင်အားများဖြင့် တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထန်းကုန်းကျေးရွာပြည်သူ့စစ်အဖွဲ့မှ ကြိုတင်သတင်းရရှိသဖြင့် ပြင်ဆင်မူများပြုလုပ်ထားနိုင်သောကြောင့် ထိခိုက်ကျဆုံးမူမရှိဘဲ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ ဆွဲယူကာထွက်ပြေးသွားကြရကြောင်းသိရှိရပါသည်။

   လယ်လှကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က အပြန် အလှန်ပစ်ခတ်မူဖြစ်ပွားရာ ပြည်သူ့စစ်အဖွဲ့ဝင်ဦးထွန်းဝင်း၊ ၄၅ နှစ်၊(ဘ) ဦးကိုလေးနှင့် သာမန်ပြည်သူ ဒေါ်မာချို၊ ၅၀ နှစ်၊(ဘ)ဦးလေးမောင်တို့ သေနတ်မှန် သေဆုံးခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် ဦးကျော်မျိုးအောင်၊ ၄၅ နှစ်(ဘ)ဦးညွန့်စိန် တွင်ညာဘက်ခြေတောက်ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN