တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့နယ်၊ပဲ့တိုင်ကျေးရွာတွင် အကြမ်းဖက်သောင်းကျန်းသူ PDF များက ပြည်သူ့စစ်နေအိမ်များကို မီးရှိုဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့နယ်၊ပဲ့တိုင်ကျေးရွာတွင် အကြမ်းဖက်သောင်းကျန်းသူ PDF များက ပြည်သူ့စစ်နေအိမ်များကို မီးရှိုဖျက်ဆီး
***************************************
ဇွန် ၇

     ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် တနင်္သာ ရီတိုင်းဒေသကြီး၊ကျွန်းစုမြို့နယ်၊ပဲ့တိုင်ကျေးရွာတွင် လူသတ်အကြမ်းဖက်ခေါင်းဆောင် ဖိုးတက်တိုး ဦးစီး အကြမ်းဖက်သောင်းကျန်းသူ PDF အင်းအား ၁၀၀ကျော်ခန့်က ကျေးရွာ အတွင်းဝင်ရောက်၍ ဌာနေပြည်သူ့စစ်တပ်ဖွဲများကို ဝင်ရောက်တိုက် ခိုက်ပြီး ပြည်သူ့စစ်နေအိမ်များကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ လူသတ်အကြမ်းဖက် PDF များ သည် ရွာအတွင်းဝင်ရောက်ပြီး ပဲ့တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦကြီးလှ နှင့် ဒေါ်အေးစိန်တို့၏ နေအိမ် ၂လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာနေပြည်သူအိမ်များကိုလည်း ရိုက်ဖွင့် ၍ ပစ္စည်းများရှာဖွေဖျက်ဆီးကာ နံနက် ၉ နာရီခွဲအချိန့်တွင် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာ၍ လယ်သစ်ရွာသို့စက်လှေ ၃ စီးဖြစ်ထွက်ခွါသွားကြောင်းနှင့် ၎င်းတို့၏ လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ကျည်ထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

  ပျက်စီးသွားသော ပြည်သူ့စစ်နေအိမ်များအတွက် တိုင်းဒေသကြီးအစိုးရက အိမ်တစ်လုံးလျှင် ကျပ် ၃၀ သိန်းထောက်ပံ့ဖြစ်ကြောင်း သိရှိရပါသည်။

#PAN