ရေတာရှည်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့က သတ်ဖြတ်

ဇွန် ၇

ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ရေတာရှည်မြို့နယ်၊ဒိုးတန်းရွာအုပ်စု၊တခွဲကျဲကျေးရွာတွင်  ဦးကိုလေး ၊၆၇ နှစ်၊(ဘ)ဦးမြကြည်၊ရာအိမ်မှူးကို လူသတ်အကြမ်းဖက် PDF ၅ ဦးမှ ဆိုင်ကယ်၂ စီးဖြင့်ရောက်ရှိလာပြီး သေနတ်(စိစစ်ဆဲ)ဖြင့် သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ဦးကိုလေးတွင် ဘယ်ဘက်ရင်အုံတစ်ချက်၊နဖူးတစ်ချက် သေနတ်ဖောက်ဝင်ဒဏ်ရာများရရှိပြီး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ၎င်းအနေဖြင့် တခွဲကျဲကျေးရွာရှိ ဦးဝင်းဌေးနေအိမ်သို့ တိမ်းရှောင်ထွက်ပြေးနေခြင်းဖြစ်ပြီး လူသတ်အကြမ်းဖက် PDF များက အိမ်ရှင် ဦးဝင်းဌေး အိမ်အောက်မီးဖိုထဲတွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN