“ငလျင်ကြောင့် ဟေတီတွင် လူအများအပြား သေဆုံးခဲ့ရပြီး နောက် ရေကြီးမှုများ ဖြစ်ပွားနေ”

ဇွန် ၇

မြောက်အမေရိကတိုက်ရှိ ဟေတီနိုင်ငံ၏ တောင်ဘက် ပိုင်း နှင့် အနောက်ဘက်ပိုင်း တို့တွင် ပြီးခဲ့သည့် ဇွန်လ ၆ရက် အင်္ဂါနေ့အစောပိုင်းက ပြင်းအား ၄.၉ magnitude အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ဦး သေဆုံး ပြီး လူ ၂ ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင် များက တရားဝင်ထုတ်ပြန် ပြောကြားခဲ့ တာဖြစ် ပါတယ်။

အဆိုပါ အပျော့စားငလျင် လှုပ်ခတ်မှုအပြီး ဟေတီနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပွား ခဲ့ပြီး ရေကြီးမှု​ရေလျှံမှု များဖြစ်ပေါ်ခဲ့ကာ လူ၅၀ ကျော် သေဆုံးခဲ့ရပြီး လူ ၂၀၀ ထက်မနည်း ဒဏ်ရာများရရှိခဲ့ကြောင်း တာဝန်ရှိသူများက သတင်းထုတ် ပြန်ထားပါတယ်လို့ သတင်းဌာန အချို့က ဖော်ပြပြောဆိုထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟေတီနိုင်ငံ တစ်ဝှမ်းရှိ မြစ်အများအပြားတွင် ရေကြီးရေလျှံကာ ရေလွှမ်းမိုးခြင်း၊ ရေကြီးခြင်း၊ ကျောက်ဆောင် ပြိုကျခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရပြီး လူပေါင်း ၁၃,၃၀၀ ကျော်ခန့်ထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာဖြစ်ပါတယ်လို့လည်း သတင်းဌာနအချို့ ကဖော်ပြပြောဆ်ိုနေကြတာဖြစ်ပါတယ်။