ဇွန် ၆
ယနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တက်သစ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်း၊ အမှတ်(၉၀/၉၁)ရှိ နေအိမ်နှင့် မိဘမေတ္တာ အမည်ဖြင့် ပုဂ္ဂလိကမူကြိုကျောင်း ဖွင့်လှစ်ထားသည့် နေအိမ်တွင် မသဲမာလာဝင်း၊ ၄၂ နှစ်၊(ဘ) ဦးရွှေနိုင်၊မိဘမေတ္တာမူကြိုဆရာမနှင့် မဆောင်းသဇင်ဦး၊ ၂၄ နှစ်၊(ဘ)ဦးမောင်ဦး၊မိဘမေတ္တာမူကြိုဆရာမအကူ တို့ ၂ ဦးသည် နေအိမ်အိပ်ခန်းအတွင်းရှိနေစဉ် အငှားယာဉ် အဖြူရောင်ယာဉ်အမှတ်စိစစ်ဆဲပေါ်မှ လူ ၄ ဦး(စိစစ်ဆဲ)ဆင်းလာပြီး နေအိမ်အတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မသဲမာလာဝင်း ၌ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံထိမှန်ဒဏ်ရာ ၁ ချက်တို့ ထိမှန်သေဆုံး၊ မဆောင်းသဇင်ဦး ၌ ဝဲနားနောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက် ထိမှန်သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9MM LUGER ကျည်ခွံ ၉ ခုနှင့်ကျည်ထိပ်ဖူး ၃ ခု တွေ့ရှိခဲ့ကြောင်းနှင့် တရားခံဖမ်းဆီး ရမိရေး ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN