“ယူကရိန်းကို ပိုမို အဆင့်မြင့်သော စစ်လက်နက်များ ထောက်ပံ့လာသည့် အနောက်နိုင်ငံများ”

ဇွန် ၅

အနောက်အုပ်စုနိုင်ငံများမှ ယူကရိန်းနိုင်ငံကို ထောက်ပံ့နေသည့် စစ်လက်နက်ပစ္စည်းတွေဟာ ပိုမို အဆင့်မြင့် လာကြတာဖြစ်ပါတယ်။

“ယူကရိန်းကိုသွားမယ့် စစ်လက်နက်တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ လက္ခဏာရပ်တွေက အဆက်မပြတ် မြင့်တက်လာနေတာဖြစ်ပါတယ်။ အခုဆိုရင် ပြင်သစ် နှင့် ဂျာမနီတို့က ကီလိုမီတာ ၅၀၀ အကွာအဝေး (၃၁၀ မိုင်) ဒါမှမဟုတ် အဲဒီထက်ပိုသော အကွာအဝေး ကီလိုမီတာကို ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တွေကို ယူကရိန်းနိုင်ငံကို ထောက်ပံ့နိုင်ရေး ဆွေးနွေးမှု တွေ စတင်နေပြီလို့ သိရပါတယ်။ ဒါက အရင် ယူကရိန်းနိုင်ငံကို ထောက်ပံ့ခဲ့သည့် စစ်လက်နက်ပစ္စည်းတွေနဲ့ လုံးဝကွဲပြားတဲ့ လက်နက်အမျိုးအစားဖြစ်ပါတယ်” လို့ Kremlin (ရုရှား)မှ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြီးခဲ့သည့် ဇွန်လ ၄ရက်နေ့တွင် သတင်းထောက်များအား ပြောကြား ခဲ့တာဖြစ်ပြီး ယင်းကဲ့သို့ ထောက်ပံ့ပို့ဆောင်မှုများ သည် ပို၍ တိုးမြင့် လာနိုင်မည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြား ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ယူကရိန်းကို စစ်လက်နက် ထောက်ပံ့ တိုးတက်မှုများသည် ရုရှားနိုင်ငံအား “ပိုမိုအားကောင်း၊ ပိုမိုစုစည်းလာနိုင်စေရန်” နှင့် အထူးစစ်ရေးဆိုင်ရာ စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်ရန် တွန်းအားပေးခဲ့ပြီဖြစ် ကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့တာ လည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်ကထုတ်ပြန်ခဲ့သည့် ဂျာမန် သတင်းစာတစ်ခု တွင် Kiev(ယူကရိန်း)က ကီလိုမီတာ ၅၀၀ အကွာအဝေးထိ ပစ်လွှတ်နိုင်သော Taurus အမျိုးအစား ဒုံးကျည် များကို ထောက်ပံ့ ပေးနိုင်ရန် ဂျာမနီနိုင်ငံကို တောင်းဆို ခဲ့ကြောင်း သတင်းဌာနများ ကဖော်ပြ ပြောဆို နေကြ တာလည်းဖြစ်ပါတယ်။