“စက်ရုပ်များအသုံးပြုပြီး စာသင်ကျောင်းကြီးကို နေရာပြောင်းရွှေ့ခဲ့ကြသည့် တရုတ်နိုင်ငံ”

ဇွန် ၁

တရုတ်နိုင်ငံ တွင် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ၈၅ နှစ်ကြာသက်တမ်းရှိပြီဖြစ်သည့် စာသင်ကျောင်းကြီးတစ်ခုကို တည်ဆောက်ထားသော နေရာဟောင်းမှ မီတာ ၆၀ အကွာထိပြောင်းရွှေ့ နေရာချထားမှုတွင် ဟိုက်ဒရောလစ် နည်းပညာ ဖြင့် ဖွဲ့စည်းတည် ဆောက်ထားသော စက်ရုပ်အလုပ်သမား ၂၀၀ ခန့်ကို တရုတ်နိုင်ငံ၏ ကျွမ်းကျင်သူများက အသုံးပြုပြီးပြောင်း ရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ ကျောင်းအဆောက်အအုံ၏ အလေးချိန် မှာ ၇,၆၀၀ တန်ချိန် ရှိပြီး အဆောက်အအုံကြီး တစ်ခုလုံး ကို ပြောင်းရွှေ့နိုင်ရန် လုပ်ငန်းစဉ်တစ်ခုလုံး ၏ ကြာမြင့်ချိန်မှာ ၁၈ ရက်ထိကြာမြင့်ခဲ့တာလည်း ဖြစ်ပါတယ်။