Drop Bomb ချရန် ပျံသန်းလာသော Drone တစ်စီးကို တပ်မတော်စစ်ကြောင်းက ပစ်ချ

မေ ၃၁

     ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်နေသည့် တပ်မတော်စစ်ကြောင်းက မအူရွာဘက်မှ ပျံသန်းလာသော Drone တစ်စီးကို Drone Gun ဖြင့် ပစ်ချခဲ့ပါတယ်။

   အဆိုပါ Drone သည် Drop Bomb ချရန် ပျံသန်းလာခြင်းဖြစ်ပြီး ထိုသို့ပစ်ချခဲ့ရာ Mavic – 2 Drone ၁ စီးနှင့် Drone Bomb ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သတင်းရရှိပါတယ်။

#PAN