“မြောက်ကိုရီးယား ဒုံးကျည်ပင်လယ်ပြင်တွင် ပျက်ကျ ခဲ့သော်လည်း အထိတ်တလန့်ဖြစ်ခဲ့ကြသည့် တောင်ကိုရီးယား နှင့် ဂျပန်”

မေလ ၃၁

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် Kim Jong ၏ Yong & Yang အမည်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံး သူလျှိုဂြိုလ်တု ကို လွှတ်တင်ခဲ့ပြီးနောက် ပင်လယ်ပြင်ထဲသို့ ယနေ့မေလ ၃၁ရက်နေ့တွင် ပျက်ကျမှုဖြစ်ပွားခဲ့ သော်လည်း အဆိုပါ ဒုံးပျံပျက်ကျမှုကြောင့် တောင်ကိုရီးယား နိုင်ငံ နှင့် ဂျပန် နိုင်ငံတို့တွင် အထိတ်တလန့်များဖြစ်ပွားခဲ့ရပြီး လူများကို ဘေးလွတ်ရာများ သို့ ထွက်ခွာမှုများ ပြုလုပ်ကြ ရန်ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံ၏ သူလျှိုဒုံးပျံသည် အင်ဂျင် နှင့် လောင်စာဆီစနစ်ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့ မှုကြောင့် ပျက်ကျခဲ့တာဖြစ်ပြီး Pyongyang (မြောက်ကိုရီးယား)၏ ဂြိုဟ်တုအသစ်ကို ကမ္ဘာပတ်လမ်း အတွင်းသို့ စူးစမ်း လေ့လာနိုင်ရန် ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံး ကြိုးပမ်းလွှတ်တင်ခဲ့ကြတာဖြစ်ပြီး ယနေ့ မနက်အစောပိုင်းတွင် ပျက်ကျ သွားခဲ့တာ လည်းဖြစ်ပါတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာန ကဖော်ပြ ပြောဆို ခဲ့ပါတယ်။

အဆိုပါ ဂြိုလ်တု လွှတ်တင်ခြင်းအား ကြိုတင် သတိပေးခဲ့ပြီးဖြစ်သော်လည်း တောင်ကိုရီးယားနိုင်ငံ နှင့် ဂျပန်နိုင်ငံ တို့တွင် အရေးပေါ် ရွှေ့ပြောင်းရေး သတိပေးချက်များဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် လူအများကိုဖုန်း ဖြင့် SMS သတိပေးချက်များကို မှားယွင်းစွာ ပေးပို့ခဲ့တာဖြစ်ကြောင်း အစိုးရများက တရားဝင် ထုတ်ပြန် ပြောကြားခဲ့ကြပါတယ်။

ဒုံးကျည်နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် George Herbert နှင့်အတူ အဆိုပါ ပျက်ကျခဲ့သည့် ဒုံးကျည် အပျက်အစီးများ၏ “အရည်-လောင်စာ နမူနာများ နှင့် ဒုံးပျံ အစိတ် အပိုင်းအချို့ကို ပင်လယ်ပြင်မှ ဆယ်ယူခဲ့ ကြပါတယ်”လို့ Seoul အစိုးရက အခိုင်အမာ ပြောဆိုထား ပါတယ်။