“ပဋိပက္ခဖြစ်ပွားနေတဲ့ ယူကရိန်းကို လက်နက် ထောက်ပံ့မှုများ မပြုလုပ်ကြရန် မက္ကဆီကို သမ္မတ တောင်းဆို”

မေလ ၃၁

မက္ကဆီကို နိုင်ငံ၏ သမ္မတ Andres Manuel Lopez Obrador က နိုင်ငံတကာအသိုင်း အဝိုင်းသည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကို ရှာဖွေကြရန် လိုအပ်နေပြီ ဖြစ်ပြီး ယူကရိန်း-ရုရှား ပဋိပက္ခများတွင် ယူကရိန်း နိုင်ငံကို စစ်လက်နက် ထောက်ပံ့မှု များ မပြုလုပ်ကြရန် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် ယူကရိန်းပဋိပက္ခများ ကို စစ်လက်နက်များဖြင့် ပံ့ပိုးကူညီရန် မလိုအပ်ဘဲ တွေ့ဆုံမှုများပြုလုပ်ပြီးငြိမ်းချမ်းရေးရယူရန် မက္ကဆီကိုသမ္မတ Andres Manuel Lopez Obrador က ယုံကြည် မျှော်လင့် နေတာလည်း ဖြစ်ပါတယ်။ “နှစ်ဖက်စလုံးအတွက် လက်နက်နဲ့ ပံ့ပိုးပေးခြင်းဖြင့် စစ်ပွဲကို အားပေးဖို့ မလိုအပ်ပါဘူး။ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့ လိုအပ်ပါတယ်” လို့ ၎င်းက ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres၊ အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် Narendra Modi နှင့် ပုပ်ရဟန်းမင်းကြီး Pope Francis တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြေလည်နိုင်စေရန် အတွက် မက္ကဆီနိုင်ငံကို အဆိုပြုခဲ့ကြကြောင်း Lopez Obrador က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မှတ်ချက်ပြု ပြောကြားခဲ့ပါသေးတယ်။