သထုံမြို့တွင် KNUတပ်မဟာ(၁)မှ အလင်းဝင်ရောက်လာခဲ့သူတစ်ဦးကို မိဘ/အုပ်ထိန်းသူများထံ ပြန်လွှတ်ပေး

မေ ၃၀

     မွန်ပြည်နယ်၊သထုံမြို့၊ခရရရုံး(သထုံ)အစည်း အဝေးခန်းမ၌ KNUတပ်မဟာ(၁)မှ အလင်းဝင်ရောက်လာခဲ့သူတစ်ဦးကို မိဘ/အုပ်ထိန်းသူများအရှေ့တွင် ဝန်ခံကတိလက်မှတ်ရေးထိုး၍ ခံဝန်ဖြင့်ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ အလင်းဝင်ရောက်လာသူမှာ ချစ်ကိုဦး၊၁၆ နှစ်၊(ဘ)ဦး ကျော်စိုးဦး၊ လက်သမားလုပ်၊ အမှတ်-၉၃၀၊ မင်းလမ်း၊ သိမ်ဆိပ်ရပ်ကွက်၊ သထုံမြို့နယ်နေသူဖြစ်ကြောင်းနှင့် ၎င်းအခမ်းအနားကို သထုံတပ်နယ်မှူး၊ ခစဖ(သထုံ)ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

#PAN